ကရင်အမျိုးသားအချင်းချင်း သတ်ဖြတ်နေကြရတဲ့အခြေအနေကို မကြည့်နိုင်တော့လို့ ရဲဘော်များကို ဒီကေဘီအေ နှင့်ပါတ်သက်ပြီး လက်ရှိအခြေအနေမှန် သိရှိနိုင်ဖို့ အတွက် အသိပေးချင်ပါတယ်။ အဓိက အချက်(၂)ချက်ကို တင်ပြချင်ပါတယ်။
(၁)ဒီကေဘီအေ ဟာ အမျိးဘာသာ သာသနာတော် ထွန်းကားစေဖို့ ဆောင်ရွက်ရမဲ့အဖွဲ့ ဖြစ်တယ်၊ ဘာတွေဆောင်ရွက်နိုင်ခဲ့လဲ၊ ဘာတွေဖြစ်မြောက်ခဲ့လဲ။
(၂)ဒီကေဘီအေ ရဲ့ ဆောင်ရွက်မှု ဖြစ်ထွန်းမှု အကျိုးစီးပွားတွေဟာ အဖွဲ့ အစည်းအတွက်လား တဦးတယောက်ထဲအတွက်လား။ ဆိုတာတွေကိုဘဲ။
ဒီကေဘီအေ စတင်ဖြစ်ပေါ်ခဲ့တာက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကို အပြုတ်တိုက်ဖို့  ကေအဲန်ယူ့
ဌာနချုပ်မာနယ်ပလော ကို စစ်ဆင်တိုက်ခိုက်နေတဲ့အချိန်မှာ အဲဒီတုန်းက န၀တ လို့  ခေါ်ဆိုနေကြတဲ့ ဗမာစစ်အုပ်စုတွေက ပိုးကရင် စကောကရင် ၊ ဗုဒ္ဓဘာသာ ခရစ်ယာန် ဘာသာ ဆိုပြီး သတ်လျှိုခွဲခဲ့လို့ ဒီကေဘီအေ ဖြစ်လာရတာဖြစ်တယ်။
ဒီကေဘီအေ စဖြစ်ဖြစ်ခြင်း အမျိုးဘာသာ သာသာနာ အတွက် ရည်ရွယ်ပြီး ဖွဲ့ စည်းပေးတယ်လို့  သိရတယ်။ ဆရာတော် ဦးသုဇန ကိုယ်တိုင် သစ္စာရေ တိုက်ကျွေးခဲ့ပါတယ်။ အမျိုးဘာသာ သာသနာ ထွန်းကားရေးအတွက် ကမ္ဘာ မှာ တခုထဲသော လက်နက်ကိုင်ဆောင်ခွင့်ရတဲ့ ဘာသာရေးတပ်မတော် ဖြစ်တယ်။
ဒါပေမဲ့ ဒီကေဘီအေ ဆိုတာစတင်ဖြစ်ဖြစ်ခြင်းမှာဘဲ န၀တ စီစဉ်ဖန်တီးထားတဲ့ န၀တ ရဲ့ စစ်တပ် လက်ကိုင်တုတ် အဖွဲ့ အစည်း တခု ဖြစ်လာတယ်။ ကေအဲန်ယူ ရဲ့ မာနယ်ပလော ဌာနချုပ်ကို ဗမာ စစ်သားတွေ ရဲ့ရှေ့ ဆုံးကနေပြီး တက်တိုက်ခဲ့ရတာ အဓိကသက်သေတခုပါဘဲ။
အဲဒီနောက်ပိုင်း ဒီကေဘီအေ ထဲမှာ ရှိနေတဲ့ ထိပ်ပိုင်းခေါင်းဆောင် အချို့ (ခိုင်းစားလို့ ရမဲ့သူ) ကို စစ်အုပ်စုက စီးပွားရေး အခွင့်အရေးတွေ တချို့ ပေး ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှု တွေကို မသိကျိုးကျွန်ပြု မျက်စိမှိတ်နေခဲ့ကြတာကို တွေ့ ရတယ်၊ ဒါတွေဟာ တကယ်အဖြစ်မှန်ပါ၊